Saturday, June 27, 2015

မိုးရာသီမှာလည်း ဘုရားဖူးလာရောက်နိုင်ပါသည်




မိုးရာသီမှာလည်း ဘုရားဖူးလာရောက်နိုင်ပါသည်


တန်ခိုးကြီး ဆံတော်ရှင် ကျိုက်ထီးရိုးဘုရားသို့
မိုးရာသီကာလများတွင် လာရောက်ဖူးမျော်နိုင်ပါတယ်

ဟိုယခင် ကာလ ကားလမ်းမပေါက်မှီ
ခြေလျင်တောင်တက်လမ်းသာ အားကိုးပြီးဖူးမြော်ရတာပါ။
မိုးရာသီမှာ လမ်းတွေပျက်၊ ရင်ပြင်တော်မှာလည်းရာသီဥတုက
မိုးသည်းလေပြင်းထန်ကာ၊ အဆောက်အဦးများမှာလည်း မခိုင်ခန့်တာကြောင့် ဘုရားပွဲတော်ကို သီတင်းကျွတ်လမှ ကဆုန်လပြည့်နေ့အထိ(၇)လအကြာ
ဖွင့်လှစ်ခဲ့ပြီး မိုးရာသီ(၄)လကို ပိတ်ထားခဲ့ပါတယ်။
ကျိုက်ထီးရိုး ဘုရားပွဲတော်က အရှည်ကြာဆုံး ဘုရားပွဲတော်တစ်ခု
ဖြစ်ခဲ့ရပါတယ်။

ယခုအခါမှာတော့
တစ်နှစ်ပါတ်လည်းလုံးဖွင့်လှစ်ထားပါတယ်
ရင်ပြင်တော်အရောက် ကားလမ်းပေါက်ပြီး လမ်းပန်းဆက်သွယ်ရေး
ကောင်းတာကြောင့် မိုးရာသီကာလတွင်လည်းလာရောက်ဖူးမျော်နိုင်
ပါတယ်
ဆိုင်အချို့ကတော့ ဘုရားဖူးအလာနည်းတာမို့
ပိတ်သိမ်းထားပေမဲ့ ဆိုင်အတော်များများ က ဖွင့်လှစ်ထားတာကြောင့်
စားရေးသောက်ရေးလည်း မပူပင်ရပါဘူး
ရင်ပြင်တော်အရောက်အထိလည်း
တောင်တက် ကားများလည်း ပြေးဆွဲလျှက်ရှိပါတယ်။
နွေရာသီမှာ စီနီယာအလိုက် ပြေးဆွဲကြပေမဲ့
မိုးရာသီမှာတော့ တောင်တက်ကားများ က အုပ်စုသုံးစုခွဲပြီး
မဲကျ ရာကာလမှာ အုပ်စုလိုက်ပြေးဆွဲကြပါတယ်။
ပြီးမှ အမြတ်ငွေကို ခွဲယူကြတာမျိုးပါ။
တောင်တက်ကားမပြေးဆွဲမှာ စိုးရိမ်စရာမရှိပေမဲ့
လူဦးရေ (၃၅)ယောက်ပြည့်မှသာ ထွက်ရတဲ့ စနစ်ကြောင့်
လူနည်းနေတာမို့ လူပြည့်အောင် အချိန်နည်းနည်းတော့ ကြာကြာစောင့်ရမှာပါ။
နေ့ချင်းပြန်ဖူးချင်သူများအနေနဲ့ ဒါလေးကို ဂရုစိုက်စေခြင်ပါတယ်။

မိုးရာသီမှာ တွေ့ရတဲ့ ပြသနာကတော့
လူစောင့်ရတဲ့ ပြသနာလေးတွေပါ။
ကိုယ်က ဆန္ဒစောပြီး ၃၅ ယောက်ပြည့်အောင်စောင့်နေစဉ်မှာ
နောက်က ကားက လူအနည်းငယ်တင်ပြီးထွက်သွားတာမျိုးကြရင်
မကျေမနပ်ဖြစ်ပြီး
ငါတို့ကိုများ ငွေညစ်ခြင်တာမျိုးလားလို့ အထင်လွဲတက်တာမျိုးပါ။
သူတို့လိုင်းမှာ လည်း တာဝန်ကျ ကားတွေ ၊အစားထိုးကားတွေ၊
ဒေသခံတွေ အတွက် စီစဉ်ထားတဲ့ (ဥပမာ- ဈေးကား၊ ကျောင်းကားတွေ)
ဆိုတာ ရှိတက်ပါတယ်။ဒါတွေက ခရီးသည်မတင်ရပါဘူး
အုပ်စုလိုက်ပြေးဆွဲရတာမို့
စီနီယာ အရ ညစ်တာမျိုး မရှိတက်ပါ။ တာဝန်ကျ အုပ်စုတာဝန်ခံက
အခြေအနေအရ ခွင့်ပြုရင် လူမပြည့်လည်းထွက်ပေးတာမို့
အဆင်ပြေနိုင်ပါတယ်

ယခုလက်ရှိတော့ ကင်မွန်းစခန်းမှာ မိုးရွာသေးခြင်းမရှိတာမို့
အေးအေးဆေးဆေးလာရောက်ဖူးမျော်နိုင်ပါတယ်
နွေရာသီမှာ အလုပ်များလို့
ခုလို အချိန်မျိုးမှာ လာရောက်ဖူးမျော်ရတာ
စိတ်ချမ်းသာပြီး အေးချမ်းတာမို့
ဖိတ်ခေါ်ပါရစေ
မိုးရွာလည်းမပူပါနဲ့ မိုးကာတွေ ရောင်းတဲ့သူတွေရှိပါတယ်
နည်းနည်းတော့ ဈေးများမှာပေါ့နော်
ပျော်ရွင်ပါစေ






No comments:

Post a Comment